Saturday, September 19, 2009
Thursday, September 17, 2009
် မီးလောင်နေတယ်ဆိုရင်...
ကျွန်မတို့ရဲ့ နေ့ကလေးထိန်းကျောင်းလေးတစ်ခုပေါ့။ အဲဒီကျောင်းက ကလေးတွေကို သူတို့ရဲ့ အိမ်လိပ်စာ
တွေကိုမှတ်မိအောင် သင်ကြားပြသရင်း အချိန်ကို အသုံးချနေတဲ့ကျောင်းလေးတစ်ခုပေါ့။ အဲဒီကျောင်းစာသင်
ခန်းထဲမှာရှိတဲ့ ကျွန်မသမီးလေးမှာ နေရပ်လိပ်စာ ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အိမ်နံပါတ်ကို မမှတ်မိပါဘူး။
တစ်နေ့မှာ ကျွန်မက မေးပါတယ်။
"မေမေတို့အိမ်မီးလောင်နေပြီဆိုပါစို့။ အဲဒီတော့ မေမေတို့ 911 ကိုဖုန်းဆက်မယ်။ အဲတော့ မီးသတ်သမားတွေက
အဲဒီအိမ်ကို ဘယ်လိုသွားရတယ်ဆိုတာကို ဘယ်လိုလုပ်သိမလဲ " ။
သူကအစီအစဉ်တစ်ခုဆွဲပြပါတယ်။
" အင်းအဲတော့ သမီးကမီးသတ်သမားတွေကိုပြောမှာပေါ့။ တောင်ဘက် ဆယ့်လေးလမ်းကိုသွား မီးလောင်နေတဲ့အိမ်
ကိုကြည့်ဒါပဲပေါ့" တဲ့။ (reader's digest)
ဟုတ်ပါတယ်။ မီးလောင်နေတယ်ဆိုရင် အိမ်နံပါတ်သိစရာမလိုဘူးလေ။ အဝေးကနေလှမ်းမြင်နေရတာကိုး...
ဟန်းဖုန်း.."
အားလုံးကို နွေးထွေးလှိုက်လှဲစွာ ရေနွေးပူလောင်း ပြီးကြိုဆိုပါ၏။
လေးဘက်ထောက်အရွယ်လေးပေါ့။ သိတဲ့အတိုင်း တောက်တောက်နဲ့လျှောက်သွားနေလေရဲ့။
သူ့အမေကတော့ မီးဖိုချောင်ထဲမှာ အလုပ်တွေရှုပ်နေတာပေါ့။ ကလေးကစားစရာတွေ နဲ့ထားခဲ့
ပြီးတော့ မောင်ပြန်လာရင် ဟင်းကောင်းကောင်းလေး စားရပါစေတော့ဆိုပြီး သွေးမေ့ ကလေး
မေ့၊ ငါးကြင်းခေါင်းဟင်းချို ချက်နေလေရဲ့။
ကလေးက လျှောက်သွားရင်း စားပွဲနားက အသံကြားတော့ နားစွင့်နေတာပေါ့။ တစ်ချက်
နှစ်ချက်...
အသံလာရာဆီကို ရောက်သွားပါပြီ။ ဒါပေမဲ့ ဘယ်ကမြည်နေမှန်းကိုအတိအကျ မသိသေး
ဘူးပေါ့။ ဒီတော့ ကလေးစဉ်းစားပြီ။ အသံကလည်းပြတ်တောင်းပြတ်တောင်းမြည်နေတုန်း။
အသံတစ်ခုကြားရင် ကလေးတွေစပ်စုတတ်တာ သဘာဝပါ။ မီးလေးတွေလင်းလိုက်အသံ
မြည်လိုက်ဆိုတော့ သဘောကျလို့မဆုံးတော့ပါဘူး။ မဆုံးတဲ့အတိုင်း ထရယ်ပါတော့တယ်။မီးလင်း
လိုက် အသံကြားလိုက်ရယ်လိုက်နဲ့ ပွဲကျနေလေရဲ့။ ရယ်လို့အားမရသေးခင် အသံရပ်သွားပါပြီ။ မီး
လည်းမလင်းတော့ဘူး။ ကလေးစဉ်းစားပြီ။ မီးလင်းအသံကြားရအောင်ဘာလုပ်ရမလဲ။
လက်နှစ်ဖက်နဲ့ အားရပါးရ ကိုင်လှုပ်တော့တာပဲ။ မမြည်သေးပါဘူး။ ထပ်စဉ်းစားတယ်။ ငါ
ဘာလုပ်ရမလဲ။ ဘာမှလည်းမလုပ်တတ်ဘူး။ ထပ်လှုပ်တယ်။ မမြည်သေးဘူး။ ကလေးစိတ်ညစ်လာ
ပါပြီ။ စိတ်ညစ်ညစ်နဲ့ လွှင့်ပစ်လိုက်ပါလေရော.....။
လွှင့်ပစ်လိုက်တဲ့ဟာလေးက ဧည့်ခန်းထဲအဝင် မေမေ့ခြေထောက်အောက်ရောက်သွားပါလေ
ရော...။
"အမလေး...သွားပါပြီ။ ငါ့ရဲ့ ဟန်းဖုန်း.."
ကလေးကတော့ အူတတ်မတတ် ရယ်နေလေရဲ့။
ဘာဖြစ်လို့လဲ ဆိုတော့ လွှင့်ပစ်လိုက်ကာမှ ဖုန်းက နောက်တစ်ကြိမ်ပြန်လာတာကိုး.....။ >
ကျွန်မက Karen ရဲ့ အမေပဲ ‘ တဲ့။
မကြာသေးမီကပေါ့။ ကျွန်တော့ကောင်မလေး Karen ဟာ ပြည်တွင်း Hardware ကုမ္ပဏီတစ်ခုမှာ
အလုပ်တစ်ခုရခဲ့ပါတယ်။ သူမကပြောပါတယ်။‘ ပိုင်ရှင်တွေက ကျွန်မတို့ကို သူငယ်ချင်းတွေနဲ့ ခဏခဏတွေ့
တာ မကြိုက်ကြဘူး။ အဲဒါကြောင့် မောင်လာတွေ့ရင် သူတို့ကိုမောင်က ကျွန်မရဲ့အစ်ကိုပါလို့ပြောလိုက် သိလား။’
ကျွန်တော် ပထမဦးဆုံးသွားတွေ့တဲ့နေ့မှာပေါ့။
ကျွန်တော်က ဧည့်ကြိုကောင်တာကို လျှောက်သွားပါတယ်။ ပြီးတော့ မိန်းမကြီးတစ်ယောက်ကိုမေးပါတယ်။
‘ ဒီမှာ Karen ဆိုတာရှိပါသလားခင်ဗျာ’မိန်းမကြီးက ကြောင်ကြည့်နေတော့…
‘ ကျွန်တော်..သူ့အစ်ကိုပါခင်ဗျာ..’
သူမက ပြုံးပါတယ်။ပြီးတော့..
‘ အံ့သြစရာကောင်းလိုက်တာနော်..ကျွန်မက Karen ရဲ့ အမေပဲ ‘ တဲ့။
"ကျား...ရားစ်..."
မိခင်ဖြစ်သူက ကလေးကို ထမင်းခွံ့ရင်း စစ်ကားကြည့်နေလေရဲ့။ကလေးကဘာမှန်းသာ
မသိတာ။ ဒုံးဒုံးဒိုင်းဒိုင်းနဲ့ အသံထွက်ပြီး ရုပ်ပေါ်နေတယ်ဆို သိပ်ကြိုက်တာ။ ထမင်းခွံ့ရင်း ရုပ်ရှင်
ကြည့်ရင်းဆိုတော့ ကလေးငြိမ်တာပေါ့။ ထမင်းကို ဇလုံထဲထည့်ပြီး ထမင်းခွံ့နေတာ ကလေးလေး
တွေအတွက်အလွန်ချစ်စရာ ကောင်းပါတယ်။
ကလေးကလည်း အမေခွံ့တဲ့ ထမင်းကိုစားလိုက် စစ်ကားကြည့်လိုက်နဲ့အူမြူးနေလေရဲ့။
ထမင်းကကုန်ခါနီးလာပါပြီ။ အဲဒီအချိန်မှာ ရှေ့က ဘဲလ်သံကြားလို့ဇလုံ ကိုထားခဲ့ပြီးရှေ့
ထွက်သွားပါတယ်။ ဧည့်သည်တစ်ယောက်ပါ။ မိခင်ရော ဧည့်သည်ရော အခန်းထဲ ဝင်လာတော့
ကလေးခေါင်း ဇလုံ စွပ်နေပါပြီ။ ဖန်သားပြင်ပေါ်ကြည့်လိုက်တော့ စစ်ဦးထုပ်နဲ့ စစ်သားတစ်ယောက်...။
ကလေးပါးစပ်ကလည်း ထမင်းပလုပ်ပလောင်းနဲ့ "ကျား...ရားစ်..."။။(
ကလေးမ
နှင်းကျသောနေ့ တစ်နေ့တွင်ဖြစ်သည်။ မိန်းမကြီးတစ်ယောက် ငါးနှစ်အရွယ် သမီးငယ်တစ်ယောက်ကို
လက်ဆွဲကာ မြို့ထဲခေါ်လာခဲ့သည်။ အရမ်းချမ်းလွန်းသောကြောင့် နှစ်ယောက်သား အနွေးထည်ကိုယ်စီ ဝတ်
လို့...။ တစ်နေရာအရောက်တွင် ကလေးငယ်က...
" မေမေ... ဟိုမမ သနားပါတယ်။ အနွေးထည်မရှိရှာဘူး။ "
" ဘယ် မမလဲသမီးရဲ့ "
" ဟိုပေါ်မှာလေ မေမေရဲ့... အချိုရည်ပုလင်းကြီးကိုင်ပြီးပြုံးပြနေတာ..."
..................... >
နောက်အိမ်ထောင်...
ခင်ပွန်း။ ။ မောင်သေရင် နောက်အိမ်ထောင်ပြုမှာလား ?
ဇနီး။ ။ မပြုပါဘူး။ ခင်က ခင့်အစ်မနဲ့နေမှာ။
ဇနီး။ ။ ကျွန်မသေရင်ကော ရှင်နောက်အိမ်ထောင်ပြုမှာလာ ?
ခင်ပွန်း။ ။ မပြုပါဘူး။ ခင့်အစ်မနဲ့နေမှာ...
အခြေခံသင်တန်း...
ကျွန်တော်ဟာ အလွန်အခြေခံကျတဲ့ အခြေခံပရိုဂရမ် သင်တန်းတစ်ခုမှာ အရွယ်ရောက်ပြီး သင်တန်းသား တွေကို သင်ကြားနေပါတယ်။ အရင်တုန်းက ကွန်ပျူတာနားကို မရောက်ဖူးတဲ့ သူတွေဟာ အရမ်းကို စိတ် ပျက်ဖို့ ကောင်းပါတယ်။ ပြီးတော့ သူတို့ဟာ ကလေးတွေထက် ပိုပြီး သင်ရပြုရတာခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်ရှည်တဲ့သူပါ။ ဒါကြောင့် သူတို့အောင်မြင်ရင် ကျွန်တော်ဝမ်းသာပါတယ်။
ဒါပေမဲ့ ကျွန်တော် အောက်ပါလေးတွေကို မျှဝေလိုပါတယ်။
ကျောက်သင်ပုန်းပေါ်မှာ ပရိုဂရမ်အတိုလေး တင်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ကျောင်းသားတွေကို "R","U","N" ရိုက်ဖို့ပြောပြီး ပရိုဂရမ်ရဲ့ ပထမဦးဆုံး letter ကို ကြည့်ဖို့ return ကိုနှိပ်ခိုင်းလိုက်တယ်။
အခန်းနောက်ဖက်ကကျောင်းသားတစ်ယောက်က လက်တစ်ဖက် မြှောက်လိုက်ပြီး
" ဆရာပြောတာကျွန်မ လုပ်ကြည့်တယ်။ ဒါပေမဲ့ အလုပ်မလုပ်ဘူး။"
ဒီတစ်ယောက်တော့ ကွန်ပျူတာမှာ ရိုက်တာ တစ်ခုခုတော့မှားနေတာသေချာပြီဆိုပြီး "R,U,N" ကိုထပ်နှိပ်၊ ပြီးရင် return ကိုနှိပ်ဆိုပြီး ပြန်ပြောပါတယ်။ ခဏနေတော့ အဲဒီတစ်ယောက်က လက်ထောင်ပြန်ပါတယ်။
အခုထက်ထိ အလုပ်မလုပ်သေးဘူးလို့ပြောတယ်။
အဲဒါကြောင့် ကျွန်တော် သူ့ပြဿနာကို ကြည့်ဖို့ ပြန်သွားပါတယ်။ ရေးထားတဲ့ R U N ကိုရှာလိုက်ပေမဲ့ သူ့အ
စား ဘာတွေ့လဲဆိုတော့ ARE YOU IN ! တဲ့....
မင်းအထဲမှာလား တဲ့
ရဲရဲ...
မြို့ငယ်လေးတစ်မြို့က ရဲအရာရှိတစ်ယောက်ဟာ မိန်းလမ်းမကြီးအတိုင်း high speed နဲ့မောင်းလာတဲ့ ကား
ကို တားလိုက်တယ်။ ကားသမားက စရှင်းပြတယ်။
"ဒါပေမဲ့ ဆရာ"
"တိတ်..." ရဲအရာရှိကဟောက်လိုက်တယ်။
"ငါဒီနေ့ မင်းကို ငါ့အထက်အရာရှိ ပြန်မလာမချင်း ဒီညတော့ မင်းကို အချုပ်ထဲမှာပဲထားရလိမ့်မယ်။"
"ဒါပေမဲ့ ဆရာ. ကျွန်တော်ပြောပါရစေ။"
"ငါပြောပြီးသားပဲ။ တိတ်တော့လို့...အချုပ်ထဲသာ သွားတော့။"
အချိန်တော်တော်ကြာပြီးတဲ့နောက်မှာ ရဲအရာရှိဟာ သူချုပ်ထားတဲ့သူဆီလာပြီး..
"မင်းအတွက်တော့ ကံကောင်းတာပဲဟေ့။ ငါ့အထက်အရာရှိရဲ့ သမီးမင်္ဂလာဆောင်ရှိလို့တဲ့။ သူပြန်လာတဲ့အချိန် သူ့စိတ်အခြေအနေ တော်တော်ကောင်းနေတယ်။"
ရဲအရာရှိပြောနေတဲ့အချိန် ကားသမားကကြားဖြတ်ပြောပါတယ်။
"အဲဒီသတို့သားက ကျွန်တော်ပဲလေ"။
တော်လိုက်တာ
သုံးမွှာပူး ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမကြီးတစ်ယောက်ဟာ တစ်နေ့မှာ ဘဏ်ကိုသွားတယ်။ ခါးပိုက်နှိုက်
တစ်ယောက်က မိန်းမကြီးရဲ့ ဗိုက်ကို သေနတ်နဲ့ သုံးချက်ပစ်ပြီး ထွက်ပြေးသွားတယ်။
တစ်ပြိုင်နက်ထဲမှာ သူမကို ဆေးရုံတင်လိုက်တယ်။ ဆရာဝန်က သူမရဲ့ကလေးတွေ အခြေအနေ ကောင်း
တယ်လို့ပြောတယ်။ ပြီးတော့ ကလေးတွေရဲ့ ဆယ့်ခြောက်နှစ်မြောက်မွေးနေ့မှာ ကျည်ဆန်တွေထွက်လာ
လိမ့်မယ်လို့လဲပြောသေးတယ်။
ဒီလိုနဲ့ ဆယ့်ခြောက်နှစ်မြောက်မွေးနေ့မှာ ပထမကလေးတစ်ယောက်က သူ့အမေဆီပြေးလာပြီး ပြောတယ်။
"မေမေ သားသန့်စင်ခန်းထဲကို သွားတော့ ကျည်ဆန်ထွက်လာတယ်။ "
ဒုတိယကလေးကလည်း သူ့အမေဆီပြေးပြီး သူ့အစ်ကို ပြောတဲ့အတိုင်းပြောတယ်။ တတိယကလေးက သူ့အ
မေဆီပြေးသွားပြီးပြောတယ်။
"သားသန့်စင်ခန်းထဲကိုသွားတယ်..."
"သားသန့်စင်ခန်းထဲကိုသွားတော့ ကျည်ဆန်ထွက်လာသလား။ "အမေဖြစ်သူက ဖြတ်မေးတယ်။
"မဟုတ်ဘူး။ သား အီအီးပေါက်လိုက်ပြီး ကြောင်ကိုပစ်ပလိုက်တယ်။"
ဈေးကြီးလိုက်တာ...
ဆရာဝန်တစ်ယောက်ရဲ့အိမ်မှာ ရေပိုက်ပေါက်သွားတယ်။ အဲဒီတော့ ရေပိုက်သမားခေါ်ရတော့တာပေါ့။ပိုက်
သမားရောက်တဲ့အခါ သူ့အိပ်ထဲက ပစ္စည်းတွေထုတ်တယ်။ ပြီးတော့ ပေါက်နေတဲ့ ပိုက်ကိုပြင်ပြီး ဒေါ်လာ
ခြောက်ရာကျကြောင်းပြောတယ်။
ဒေါက်တာက အတွန့်တက်တယ်။
"တော်တော်ဈေးကြီးပါလား။ ငါဆရာဝန်တောင် အဲဒီလောက်မတောင်းဘူး"
ပိုက်သမားက ခဏစောင့်ပြီး ဖြေးဖြေးဆေးဆေးလေးပြောတယ်။
"ကျွန်တော်ဆရာဝန်ဖြစ်တုန်းကလည်း ဒီလိုပဲပြောခဲ့တာပါပဲဗျာ"
Sunday, September 13, 2009
ခုအရေးကြီးတာတွေဟာနောင်ကောအရေးကြီးဦးမှာလား??
၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား
ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင် အချိန်ရွှေ့ ကြည့် လိုက်ပါ။ အခုကိစ္စတွေက နောင်တစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လိုဖြစ်လာမလဲ
ဆိုတာမျိုး စဉ်းစားလိုက်တာကို အချိန်ရွှေ့တယ်လို့ခေါ်တာပါ။ အဲလိုရွှေ့ကြည့်လိုက်ရင် အရေးကြီးတယ်ဆိုတဲ့ ထင်နေတဲ့ ကိစ္စတွေဟာ အရေးမကြီးတော့တာကိုတွေ့ရပါမယ်။ ကားပျက်သွားတာ၊ မီးမလာတာ၊ ခြေထောက်ကျိုးသွားတာ၊ လူကြီးအဆူခံရတာ…စတဲ့အသေးအဖွဲတွေကို ကိုယ့်ရဲ့စိတ်ထဲ ထည့်မိလို့  စိတ်ရှုပ်ရတာ လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒါတွေကြောင့်စိတ်ပင်ပန်းမခံပါနဲ့။
ကိုယ့်စိတ်ဓာတ်အင်အားကျဆင်းပါတယ်။ အရင်နှစ်တွေက ဖြစ်ရပ်တွေပြန်စဉ်းစားကြည့်ပါ။ အခုတော့ ဘာဖြစ်သေးလဲ။ ကြုံသမျှကို ပေါ့ပေါ့တန်တန် ဖြတ်ကျော်ဖို့ အဖြစ်ကလေးလုပ်ပြီး အချိန်ကုန်အောင်စောင့်နေဖို့ပြောတာမဟုတ်ပါဘူး။ အဲလိုလုပ်နေရင် အလုပ်ပြုတ်မှာပါပဲ။ လျှောမွှေးကို ဗာရာဏသီမချဲ့ဖို့ပြောတာပါ။ ဘ၀ကိုအရှိအတိုင်း လက်ခံဖို့ပြောတာပါ။ ပြသနာရှိရင်လဲ ရှိနေတယ်လို့ အသိအမှတ်ပြုလိုက်ပါ။ အသေးအမွှားကို အကြီးမချဲ့ဖို့ အရေးကြီးကြောင်း ပြောတာပါ။ စိတ်မကောင်းစရာ တွေကြုံလာရင်လက်ခံလိုက်ပါ။ ပြီးရင် ပိုကောင်းမယ့်နည်းလမ်းကို
စဉ်းစားဖို့သာဖြစ်ပါတယ်။ ပြသနာကို ဒီလိုချဉ်းကပ်လိုက်တော့ စိတ်ဆင်းရဲတာလည်းနည်းပါးသွားမယ်။ အောင်မြင်ရေးလမ်းစတွေလဲ တွေ့ လာလိမ့်မယ်။ လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီးပဲလို့ တွေးလိုက်ပါ။သူတို့အပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီဖို့ နည်းလမ်းတွေရှာကြည့်ထားရမယ်၊ဒါမှကြုံရင်ကူညီနိုင်မှာဆိုတာမျိုးတွေးပါ။
၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။
လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို ချီးမွမ်းချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဖိစီးမှုဆိုတာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် တာမို့  ကြာတော့ မနိုင်ဝန်ထမ်းမိတာဖြစ်လာတာပေါ့။ အဲဒီအခါမျိုးကျတော့လည်း ခံနိုင်ရည်အား တိုးမြှင့်ပေးသနားပါဆိုတာမျိုးတွေဖြစ်လာရော။ ဖိစီးမှုဆိုတဲ့ သဘောက ၀န်နဲ့အား၊ လေးနဲ့မြှား သဘောမျိုးမို့ များများခံနိုင်လေ များများထမ်းရလေပါပဲ။ ဒဏ်ခံနိုင်အားကို တိုးမြှုင့်ပေးတာဟာ ကုထုံးမဟုတ်ပါဘူး။ ၀န်ထုပ် ၀န်ပိုးတွေ များလာပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အရှိန်
ကိုယ်လျှော့နိုင်ဖို့ပါပဲ။ လုပ်ရမယ့် စာရင်းတွေ ကြည့်လိုက်ပါ။ သိပ်များလွန်းနေရင် ဘယ်အချက်မှာလျှော့ပြီး လမ်းခိုးလျှောက် အသက်၀၀ရှုရမလဲဆိုတာ ကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ snow-ball effect ရှိပါတယ်။ နှင်းဖြူဖြူအခဲလေးကို လုံးပြီး ဆင်ခြေလျှောအတိုင်း ပစ်ချရင် လိမ့်ဆင်းရင်းဆင်းရင်းနဲ့ နှင်းခဲတွေထပ်ထပ်ကပ်ပြီး ကြာလေ အလုံးကြီးဖြစ်လာတတ်ပါတယ်။ အရွယ် ငယ်တုန်းမှာ
ဖမ်းပြီး ရပ်တန့်လို့ရပေမယ့် အလုံးကြီးပြီး အရှိန်သိပ်ရလာတဲ့အခါမျိုးကြရင် သူ့ သဘော သူဆောင်တာကို ထိန်းဖို့ခက်ပါလိမ့်မယ်။ ဖိစီးမှုနဲ့ အလုပ်လုပ်ရတာ ထင်သလောက်ခရီးမရောက်ပါဘူး။ တွန်းအားတွေရှိမှ ပိုအလုပ်လုပ်ဖြစ်တယ်ဆိုတာမှာ အဲဒီတွန်းအားဟာmotivation ဖြစ်ပါတယ်။ Stress ရှိနေရင် အလုပ်ကောင်းကောင်း မထွက်ပါဘူး။ ခဏလောက် စိတ်လွတ်ကိုယ်လွတ် နားပြီး အပန်းဖြေလိုက်။ ဖိစီးမှုတွေ လျှော့ပြီး လုပ်ရကိုင်ရတာ ပိုပြီးတွင်ကျယ်လာတာတွေ့ လိမ့်မယ်။
၃။ သူမှန်တယ်လို့ သာ များများတွေး
"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား" လို့  ကိုယ့်ကိုကိုယ် ပြန်မေးနေ သင့်တဲ့ မေးခွန်းပါ။ "အမှန်တရားဟာ ကိုယ့်အတွက် စိတ်ချမ်းသာစရာ ဖြစ်ချင်မှ ဖြစ်မယ်၊ ကိုယ်ကျေနပ်နေတဲ့ အဖြေဟာ အမှန်တရား ဖြစ်ချင်မှဖြစ်မယ်။" မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို
ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလိုက်ရတဲ့အခါမျိုးမှာ အဲဒီလိုကျေးဇူးတင်ဖူးလို့လား။ လူဆိုတာကိုယ်ကပဲ ဆရာကြီးလုပ်ချင်တာ၊
ကိုယ့်လာဆရာလုပ်ရင် မုန်းတတ်ကြတာ။ အမှန်တရားဆိုတာ ကိုယ်လက်ခံပြီး ရပ်တည်ပေးရမယ်ဆိုတာ မှန်ပါတယ်။ Yes, But ဆိုတာမျိုးနဲ့ ချဉ်းကပ်သင့်ပါတယ်။ ကိုယ့်ခံယူုချက်မပြောင်းဘဲ မေတ္တာထားပြီး အလျှော့ပေးကြည့်ပါ။ သူ့ ဘက်ကကြည့်ရင် မှန်ကောင်းမှန်နေလိမ့်မယ်လို့ တွေးကြည့်ပါ။ နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။
ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံတန်ရုံ သည်းခံနိုင်စွမ်းရှိလာရင်ပဲ အောင်မြင်မှု တွေရလာပါမယ်။ သေရေးရှုင်ရေးမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ သည်းခံနိုင်ဖို့က နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ ဘယ်လိုလဲဆိုတော့" ဒါဟာ အသေးအဖွဲပဲ၊ သည်းခံလိုက်ရင်ရတယ်"လို့  နှလုံးသွင်းတတ်ဖို့ပါ။
၎။ ကိုယ့်ဘက်ကစလျှော့
တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လို က်ရင် ကိုယ့်စိတ်ငြိမ်းချမ်းမယ်။ သူ့အပူ သူဆက်မွေးမမွေးဆိုတာ သူ့ တာဝန်၊ သူ အလုပ်ပါ။ အသေးအမွှားကိုမေ့တတ်ပြီး စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်ယူနို်င်တာ ကိုယ့်အရည် အချင်း၊ ကိုယ့်အမြတ်ပါ။
၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့
ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ
ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ ။ စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ။ ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ပြီး "ငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့" အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။
အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပရစေ။ "ကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ်ကိုစိတ်ဝင်စားမှုအပြည့်နဲ့ တတ်မြောက်ချင်တယ်ဆိုတဲ့ထက်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင် ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ "။ ဒီစကားဟာကျွန်တော်လက်တွေ့ ကျင့်သုံးလို့အကျိုးရှိလို့ မိတ်ဆွေတို့ကိုပြောတဲ့ တန်ဖိုးရှိတဲ့စကားပါ။
နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။ အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ် ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။
၆။ အရှုပ်ထဲမှာရှင်းအောင်နေ
မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။
၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး
စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှိပါတယ်။ လောဘနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့လုပ်ချင်တာ၊ လိုချင်တာ၊ ဖြစ်ချင်တာတွေများပြီး ကြာတော့လောကကြီးကို အပျက်မြင်လာတဲ့ မပျော်ရွှင်သူကြီးဖြစ်လာပါတယ်။ ကိုယ့်မှာတကယ်ရှိတာကို အာရုံစိုက်လိုက်ရင်ဒီပြသနာရှင်းသွားပါတယ်။ ကိုယ့်ချစ်သူကိုမကျေနပ်ဖြစ်လာရင် သူ
့ကောင်းကွက်ကလေးကိုတွေးကြည့်ပါ။ နိုင်ငံခြားကကျောင်း မတက်နိုင် သေးရင် တက်နိုင်တဲ့သင်တန်းအရင်တက်ပါ။ ၀င်ငွေနည်းတယ်လို့ ထင်ရင် အလုပ်ရှိတာတော်သေးတယ်လို့ တွေးပါ။ အလုပ်က
စိတ်ပျက်စရာကောင်းတယ်၊အောက်တန်းကျတယ်လို့ ထင်ရင် အဲဒီအလုပ်ကိုပဲ စိတ်ဝင်တစားနဲ့ ကောင်းကောင်းလုပ်ကြည့်ပါ။ ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။
၈။ ရောက်ရာအရပ်မှာပျော်အောင်နေ
ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်း လုပ်ရပ်တစ်ခုမှတစ်ခု ကူးပြောင်းသွားတာလို့ ဆိုတယ်။ There will be a better tomorrow. ဆိုတဲ့စကားမျိုးဟာ မျှော်လင့်ချက်နဲ့ ရှင်သန်လိုစိတ်ကို တွန်းအားပေးပါတယ်။ လူဆိုတာ တစ်နေ့တော့ ကောင်းလာမှာပါ။ Someday something will turn up. ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုထားကြစမြဲပါ။တစ်ချို့ ကအဲဒီလိုကောင်းလာဖို့ ပြင်ဆင်မှုတွေလုပ်ကြတယ်။ တစ်ချို့ကြတော့ ကံကောင်းလာဖို့ ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့မရဘူး။ လက်ငင်းအခြေအနေမှာ ပျော်အောင်တတ်မှ ရှေ့ ဆက်ဖို့ အားအင်တွေရှိလာမယ်။ကိုယ်တကယ်နေထိုင်ရတာ
ပစ္စုပန်ဘ၀အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ မပျော်ဘဲ နောက်အဆင့်ကျမှ ပျော်မယ်လို့ ဆုံးဖြတ်ထားတဲ့လူဟာ မပျော်ရဖို့ များပါတယ်။ လက်ရှိကိုယ့်ဘ၀ အဆင့်ကို မွေ့ လျော်စိတ်နဲ့ ဖြတ်သန်းရင်း ရှေ့ ဆက်တက်ဖို့ ကြိုးစားတာပဲကောင်းပါတယ်။
၉။ လုပ်တတ်ဖို့ လိုသည်
Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။ ဘာအရေးကြီးဆုံးလဲ စဉ်းစား၊ ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊ အချိန်ဇယားဆွဲ၊ လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို
တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊ အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊ အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်း ကိုသုံး။ အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။
၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်
လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ့ပဲ လုံးထွေးရစ်ပတ်ပြီး မိသားစု ကိုမေ့ထားတတ်ကြတယ်။ဘ၀မျှော်မှန်းချက်တွေကိုနေ့စဉ်လုပ်ငန်းနဲ့ဖုံးဖိတတ်တယ်။လုပ်စရာတွေပေါ်လာတိုင်း လိုက်ဖြေရှုင်းရင်းနဲ့  စိတ်ငြိမ်ဆေးတွေ သောက်ပြီး ရပ်တည်ရတဲ့ဘ၀ကိုရောက်ရတယ်။ ကျွန်တော် အပါအ၀င် ဘယ်သူမဆို အသေးအဖွဲကို ပုံကြီးချ့ ဖူးကြတာပါပဲ။ အနီးကပ်အသေးအဖွဲကိုပဲမြင်တတ်ရင် အရှည်အဝေးကို မေ့တတ်ပါတယ်။ သစ်ပင်ကိုပဲဂရုစိုက်နေရင် သစ်တောကိုမေ့သွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်း နေတတ်ဖို့ ကြိုးစားသင့်ပါတယ်။ အားလုံးအရေးကြီးတယ်ဆိုတဲ့  အဖြစ်မျိုးကို ပြန်စစ်ဆေးသင့်ပါတယ်။ တချို့ အသေးအဖွဲတွေကို အသေးအဖွဲလို့ပဲ မြင်တတ်အောင်ကြိုးစားပါ။ လမ်းတွေ့ သမျှကို လိုက်ကြည့်ပြီး စိတ်ဝင်တစား လုပ်နေရင် လိုရာခရီးမရောက်ဘူးဆိုတာ သတိရပါ။
၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ
ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက် ကို ကလေးပေါက်စ တစ်ယောက် အဖြစ် စိတ်ကူးထဲမြင်အောင်ကြည့်လိုက်ပါ။ ဘာမှမသိသေးတဲ့ လူမမယ်လေးပေါ့။ ပြီးရင်အဲဒီလူကိုပဲ နောက်ထပ် နှစ်ရှစ်ဆယ်လောက် ထည့်ပေါင်းပြီး
လူအိုကြီးတစ်ယောက်အသွင် မြင်ကြည့်လိုက်ပါ။ ကလေးဆိုတာ ဘာမှမသိ လို့မှားကြတာ၊ လူအိုကြီးတွေကျတော့ အတိတ်ကမှားခဲ့တာကိုတွေးပြီး ၀မ်းနည်းကြေကွဲနေတာ။ အဲဒီလိုတွေးကြည့်ရင်မေတ္တာစိတ်တွေ စီးဝင်လာပါလိမ့်မယ်။
ခွင့်လွှတ်နိုင်လာပြီး စိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်။ အပျက်စိတ်တွေ၊ ဒေါသတွေပေါ်လာရင် ဒီလို ကုစားကြည့်ကြပါ။
ပျော်ရွှင်ပါစေ…
ကောင်းသောနေ့လေးဖြစ်ပါစေ..
ခင်မင်လေးစားစွာဖြင့်…
နေသွေး
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...
Thursday, September 10, 2009
တကျွန်းစံ
ရှေးတုန်းက တကျွန်းကို ပို့ ခံရတယ်ဆို တာ တော်တော်ဆိုးတဲ့ 
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ....
တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား အ၀တ်အထည်ဆို လဲရှား
သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ ထောင်ဝင်စာ သွားတွေ့ နိုင်တာပါ
ဒါကြောင့် အချို့ နှစ်ကြီးသမားတွေရဲ့ မိန်းမ တွေဟာ တကျွန်းကို လိုက်နေ
ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့ 
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ ကလေးတောင် ချက်ချင်းတိတ်သတဲ့ .....
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာ မေးမနေနဲ့  သွားသာကြည့် 
ကြည့် ယုံကြည့် လို့  ပြောတာနော် ရောင်ပြီး ဝယ်ချင်လို့ ကတော့  ကုန်ပြီဆရာဘဲ.....
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လား
နှစ်ကြီး ကျတာလား နှစ်နည်းနည်းကျတာလား ? IC ပြလေ
သြ ထောင်ဒဏ် ငါးနှစ် ဒါဆို မိသားစု လိုက်နေလို့ ရတယ်
ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ 
မိသားစု လိုက်နေလို့ ရတယ် ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ 
တဘဝလုံး ရုန်းပေတော့.....
ဟင်ဒီတယောက်က ထောင်ဒဏ်နှစ်နှစ် ဆိုပေမယ့်  တမိသားစုလုံးကိုsupport
လုပ်နိုင်တယ်ဟုတ်လား သြ အလုပ်ချိန် long hour လုပ်ပြီး လစာတမိသား
လုံးလောက်တယ်ပေါ့အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်
ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်.....
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်.....
ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေ
အလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့ ဒါကဒီကျွန်းရဲ့ စည်းကမ်း
ဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့ တွေ ကစိတ်မကောင်းဖြစ်
အချို့ ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပြစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ 
မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့ အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်ကဲ ဒီကျွန်းမှာ နှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...



























